မျက်ချေပြတ်၍မသင့်သော လုံခြုံရေးပြဿနာ

Volume : IEJ Vol.2 No.(2)

Published Date : May 2022


Abstract

ဤစာတမ်းသည် ၂၀၁၅ မှ ၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော Rohingya Salvation Army (ARSA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများနှင့် နယ်မြေရှင်းလင်းမှု ဖြစ်စဥ်များ၏ နောက်ဆက်တွဲ ရလာဒ်အနေဖြင့် ရိုဟင်ဂျာလူမျိုးများ နေရပ်စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး ခိုလှုံနေကြရသော အခြေအနေများနှင့် ၎င်းတို့အား အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများ၏ စည်ရုံး သိမ်းသွင်းမှု ခံရလာနိုင်ခြေများနှင့် စပ်လျဥ်း၍ အမျိုးသားလုံခြုံရေးရှုထောင့်အရ ထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် ပေါ့ဆ၍ မသင့်ကြောင်းကို ချဥ်းကပ်လေ့လာ တင်ပြထားခြင်း ဖြစ်ပါသည်။ သုတေသနပြုလုပ်ခဲ့သည့် နည်းလမ်းမှာ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်ရေးအင်စတီကျူးရှင်းများမှ ထုတ်ပြန်ထားသည့် သုတေသန အစီအရင်ခံစာများ၊ နိုင်ငံပိုင် သတင်းစာတွင် ဖော်ြပခဲ့သော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်များ၊ ပြည်တွင်းပြည်ပ မီဒီယာနှင့် သတင်းဌာနများမှ သတင်းဂျာနယ် ဆောင်းပါးများကို သတင်းအချက်အလက်များစုစည်းခြင်း (Desk Review)နှင့် ထပ်ဆင့်လေ့လာဆန်းစစ်မှု (Secondary Research) ဖြင့် ဆန်းစစ် ရေးသားထားခြင်းဖြစ်ပါသည်။ စာတမ်း ကန့်သတ်ချက်များအနေဖြင့် မြန်မာနိုင်ငံရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ပတ်သတ်မှုများ၊ အားသာချက်၊ အားနည်းချက်များ၊ နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများကို လျော့ချနိုင်ရန်အတွက် နိုင်ငံအဆင့်အနေဖြင့် လုပ်ဆောင်နေမှုများ စသည်တို့ကို အနုစိပ်လေ့လာတင်ပြနိုင်ရန် ကန့်သတ်ချက်များ ရှိနေပါသည်။ ထို့အပြင် နယ်စပ်လုံခြုံရေး ကိစ္စများ၊ ဒေသတွင်း လုံခြုံရေးကိစ္စများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ (မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုများ၊ လက်နက် ခဲယမ်း ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ စသည်) စသည့် လူသားလုံခြုံရေးကို ခြိမ်းခြောက်မှုများ မြင့်တက်လာမှုကို လျော့ချ ကာကွယ်နိုင်စေရေးအတွက် အာဆီယံ ဒေသတွင်းရှိ နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်နေမှုများ အခြေအနေများကို ဤစာတမ်းငယ်တွင် ထည့်သွင်း တင်ပြထားနိုင်သည့် အခြေအနေတွင် မရှိပါ။ အဓိကစကာလုံးများ - နယ်စပ်လုံခြုံရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ဒသည်စခန်း