Covid-19 Pandemic Impacts on Income of Environmental Enterprises in Myanmar

Volume : IEJ Vol.2 No.(2)

Published Date : May 2022


Abstract

Environmental Enterprise is one of the most vulnerable enterprises affected by the global pandemic of Covid-19. This research is an attempt to explore the impact of Covid-19 pandemic on Environmental enterprises’ income generation between the first and third wave and to indicate the way they manage their enterprise while sustaining their dedication to the environment. Four Environmental Enterprises in Myanmar were interviewed during the junction of Covid-19 third wave and military coup in 2021. This research is analyzed by using grounded theory. After analyzing the interviewed data with line by line coding, the author identified the struggles faced during the pandemic, how Environmental Enterprise owners planned on sustaining the business throughout the crisis of Covid-19 and military coup. While the severity of the situation depended on the type of business, the confluence of the Covid-19 third wave and political instability has led to almost all the enterprises falling into recession. This study outlines the struggles of these enterprises and to make people more aware of them and supportive in the future. Keywords: Environmental Enterprise, Covid-19, pandemic, income, crisis, political instability, coup, struggles, sustainability, management JEL Classification: Q50; Q54; Q56 စာတမ်းအကျဉ်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးပြုစီးပွားရေးလုပ်ငန်းစုများသည် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် ထိခိုက်အလွယ်ဆုံးသော စီးပွားရေးလုပ်ငန်းများထဲမှတစ်ခုဖြစ်သည်။ ဤသုတေသနစာတမ်းသည် ကိုဗစ်ပထမလှိုင်းနှင့် ကိုဗစ်တတိယလှိုင်း ကာလတို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးပြု စီးပွားရေး လုပ်ငန်းစုများ၏ ဝင်ငွေကဏ္ဍနှင့် လုပ်ငန်းလည်ပတ်မှုအပေါ် ကိုဗစ်ကပ်ရောဂါ၏သက်ရောက်မှုများကို လေ့လာထားသည့် စာတမ်းဖြစ်သည်။ ကိုဗစ်ကပ်ရောဂါအကျပ်အတည်းကာလအတွင်း ယင်းလုပ်ငန်းစုများသည် သဘာဝပတ်ဝန်းကျင်အပေါ် ဆက်လက် အကျိုးပြုနိုင်ရန်တောင့်ခံနေစဥ်တွင် ၎င်းတို့၏ လုပ်ငန်းအား ကိုင်တွယ်စီမံခန့်ခွဲပုံကို လေ့လာတင်ပြထားသည်။ ဤစာတမ်း အချက်အလက်များအတွက် မြန်မာနိုင်ငံရှိသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးပြုစီးပွားရေးလုပ်ငန်းစု ၄စုကို ကိုဗစ်တတိယလှိုင်းကာလနှင့် စစ်အာဏာသိမ်းကာလတို့ဆုံရာ ထပ်ဆင့်အကျပ်အတည်းကာလတွင် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မျဥ်းကြောင်း၊ စာကြောင်းများနှင့် စကားစုကုဒ်ရေးခြင်းနည်းဖြင့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာထားပြီး အခြေခံသီအိုရီသုတေသနနည်းကို အသုံးပြုခြင်းဖြင့် ဤစာတမ်းအား ရှင်းလင်းတင်ပြထားပါသည်။ ဝင်ငွေထိခိုက်မှုကဏ္ဍ အခြေအနေ ပြင်းထန်မှုသည် လုပ်ငန်းအမျိုးစားအပေါ်မူတည်သော်လည်း ကိုဗစ် တတိယလှိုင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှု ပေါင်းစုံမှုတို့ကြောင့် လုပ်ငန်းအားလုံးနီးပါး ဆုတ်ယုတ်ကျဆင်းသွားခဲ့သည်ကို တွေ့ရှိရသည်။ သို့ဖြစ်၍ ကိုဗစ် ကပ်ရောဂါကာလနှင့် စစ်တပ်အာဏာသိမ်းကာလ တစ်လျှောက်အတွင်း လုပ်ငန်းရှင်များသည် ၎င်းတို့၏လုပ်ငန်းကို ဆက်လက်တောင့်ခံနိုင်ရန် ကြိုးပမ်းထိန်းသိမ်းကြပုံကိုလည်း လေ့လာ တင်ပြထားပါသည်။ ဤလေ့လာမှုသည် အကျပ်အတည်း ကာလများအတွင်း အဆိုပါလုပ်ငန်းများ၏ရုန်းကန်ရမှုများကို ဖော်ပြထားပြီး အနာဂတ်တွင် ယင်းလုပ်ငန်းစုများကို လူထုက ပိုမိုသိရှိနားလည်၍ အားပေးပံ့ပိုးလာကြရန်ရည်ရွယ်ပါသည်။