Research Methodology Training

Research Methodology Training

သုတေသနနည်းနာဆိုတာ ကိုယ့်ဘဝအတွက် လုပ်ငန်းခွင် မဝင်ခင်မှာ ကြိုတင်သင်ယူထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသူ/သားတွေနဲ့ လုပ်ငန်းခွင်ထဲကိုရောက်နေတဲ့သူတွေအတွက် သင့်လျော်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ အကျိုးအမြတ်မယူတဲ့လုပ်ငန်းတွေက  လုပ်ငန်းခွင်ထဲရောက်မှ သင့်ကို သုတေသနနည်းနာတွေ သင်ပေးဖို့ ဝန်လေးကြမှာ အမှန်ဘဲ။ လူတိုင်းစာအုပ်ဖတ်လို့ရပေမယ့်၊ စာအုပ်ဖတ်တိုင်းနားမလည်နိုင်တဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့နိုင်ပါတယ်၊ အဆိုပါအခက်အခဲကို ဒီသင်တန်းက ပြေလည်စေမှာပါ။ ဒါ့အပြင် မြေပြင်မှာ ကြုံရနိုင်တဲ့အခက်အခဲတွေကိုနားလည်နိုင်အောင် အင်းလျားဘောဂဗေဒရဲ့ သုတေသန စီမံကိန်း အတွေ့အကြုံတွေကိုလည်း သိရှိရမှာပါ။

သင်တန်းအကြောင်းအရာ

သင်တန်း – Research Methodology Training

သင်တန်းစတင်မည့်ရက် – အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်

သင်တန်းကာလ – ၁ လ

သင်တန်းရက်နှင့် အချိန် – အပတ်စဉ် စနေ၊ တနင်္ဂနွေ (နေ့လည် ၁ နာရီ မှ ညနေ ၃ နာရီ)

သင်တန်းကြေး – နှစ်သောင်းကျပ်  (KPay only)

သင်ကြားသွားမည့် ပုံစံ –  Online Learning (Google Meet)

သင်တန်းတက်ရောက်လိုသူများအနေဖြင့်  maythuhtet.ie.mm@gmail  သို့ စာရင်းပေးသွင်းနိုင်ပြီး၊ psd.ie.mm@gmail.com ကို cc ခံပြီး အီးမေးလ်ပို့ပေးပါ။

သင်တန်းအကြောင်းနှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက အီးမေးလ်(သို့) ဖေ့ဘုတ်စာမျက်နှာ Chat Boxမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။