Qualitative and Quantitative Research Training Course

✨ဒီတစ်ခါမှာတော့ လူတိုင်းစောင့်မျှော်နေတဲ့ Online Training Course လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်✨
👉ယခုမိတ်ဆက်ပေးမယ့်သင်တန်းလေးကတော့ သုတေသနပိုင်းကို စိတ်ဝင်စားတဲ့သူတွေအတွက် ရည်ရွယ်ပြီး အင်းလျားဘောဂဗေဒက ဖွင့်လှစ်ပေးသွားမယ့် အခမဲ့ “Qualitative and Quantitative Research Training Course” လေးဘဲဖြစ်ပါတယ်။
👉ဒီသင်တန်းမှာဆိုရင် သုတေသနတစ်ခုလုပ်တဲ့အခါ သိထားရမယ့် အခြေခံနည်းစနစ်တွေကစပြီး
နောက်ဆုံးဆန်းစစ်သုံးသပ်ခြင်းအဆင့်အထိ
သာမကလက်တွေ့လုပ်နည်းအပြင် Research Proposalရေးနည်းတွေထိပါ အသေးစိတ် သင်ပြပေးသွားမှာဖြစ်ပါတယ်။
သုတေသနဆိုတာကလည်းယခုခေတ်ရဲ့နယ်ပယ်ပေါင်းစုံမှာအဓိကအရေးပါသောအခြေခံအုတ်မြစ်တစ်ခုဖြစ်လာတာကြောင့် လူတိုင်းလေ့လာသိရှိသင့်ပါတယ်။ ဒါကြောင့် ယခုအခွင့်အရေးကို လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူးနော်။🙅‍♂️🙅‍♀️
အဓိကအချက်အနေနဲ့ “in person class”ကို
တက်ရောက်ဖို့အဆင်မပြေသောသူများအတွက် onlineကနေ တက်ရောက်နိုင်ဖို့ စီစဉ်ပေးထားတာ
ဖြစ်လို့ နယ်ကစိတ်ဝင်စားသူတွေပါ တက်ရောက်
နိုင်ပါပြီနော်။
ဒါ့အပြင် အတန်းချိန်ကလည်း ပုံမှန်ရုံးပိတ်ရက်(စနေ၊ တနင်္ဂနွေ)၊ မနက် ၉နာရီ၁၀မိနစ်ကနေ ၁၁နာရီ၁၀မိနစ် အတွင်း လုပ်ပေးထားတာကြောင့် ရုံးချိန်တွေနဲ့တိုက်နေမှာဆိုးတဲ့ ရုံးဝန်ထမ်းများပါ စိတ်ပူစရာမလိုဘဲ တက်ရောက်နိုင်ပါပြီ။✌️
👉ခြွင်းချက်အနေနဲ့ online classဖြစ်တဲ့အပြင် လူဉီးရေအရမ်းများသွားပါက ထိရောက်မှုမရှိမှာ စိုးရိမ်တဲ့အတွက်ကြောင့် တက်ရောက်နိုင်တဲ့ လူဉီးရေလေးကန့်သတ်ချက်ရှိတာကြောင့် မိမိတို့ရဲ့အခွင့်ရေးကိုလက်မလွတ်ရအောင် အောက်မှာပေးထားတဲ့ Application Form Linkထဲဝင်ရောက်ပြီး အမြန်ဆုံးregisterလုပ်
နိုင်ပါပြီ။⬇️
တက်ရောက်ခွင့်ရရှိတဲ့သူများကိုလည်း အင်းလျားဘောဂဗေဒမှ Emailဖြင့် ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါတယ်။📧
မိမိတို့ရဲ့အားလပ်ရက်လေးမှာ အင်လျားဘောဂဗေဒမှ သုတေသနသင်တန်းကို တက်ရောက်ပြီး သုတေသနဆိုင်ရာနည်းစနစ်တွေကို မိမိတို့ရဲ့ ပညာရပ်ဆိုင်ရာ
တွင်ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပါ အသုံးချနိုင်ဖို့အတွက် အတူတူလေ့လာလိုက်ကြရအောင်။💪🏻