Practical Economics: An Introductory Course for Learners in Myanmar (Batch 1)

✨ဘောဂဗေဒနဲ့ ပတ်သတ်ပြီးစိတ်ဝင်တစားလေ့လာချင်တဲ့သူများအတွက် အခမဲ့လေ့လာလို့ရမယ့် သင်တန်း✨

 

ဒီတစ်ခါမှာတော့ ဘောဂဗေဒကို အခြေခံကနေစပြီးလေ့လာချင်သူများအနေဖြင့် အသေးစိတ်ကျကျလေ့လာလို့ရမယ့် သင်တန်းအကြောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

ယခုသင်တန်းမှာဆိုရင် ဘောဂဗေဒရဲ့အခြေခံသဘောတရားတွေနဲ့ ပြင်ပလောကမှာ အသုံးပြုနေတဲ့သီအိုရီ တွေနှင့်ပါ ချိတ်ဆက်ပြီးတော့ လေ့ကျင့်သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်  ဆရာကဘဲ တောက်လျှောက်သင်ကြားပို့ချမှာမဟုတ်ဘဲ ဘောဂဗေဒနဲ့ဆိုင်တဲ့ဂိမ်းတွေ၊ Group discussion တွေပါ ပါဝင်မှာဖြစ်လို့ သင်ကြားနေရင်းနဲ့ လုံးဝငြီးငွေ့သွားတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။

 

အဓိကအချက်အနေနဲ့ ယခုသင်တန်းကို Mr. Jared Bissinger (PhD in Economics)မှ သင်ကြားပို့ချပေးမှာဖြစ်တဲ့အတွက်ကြောင့် မတူညီတဲ့ဗဟုသုတတွေ၊ အတွေ့ကြုံများစွာရနိုင်သလို အင်္ဂလိပ် ဘာသာစကားနဲ့သင်ကြားပို့ချပေးမှာဖြစ်တဲ့အတွက်ကြောင့် သင့်ရဲ့အင်္ဂလိပ်စာ စွမ်းရည်ကိုလည်း တစ်ခါတည်းတိုးတက်စေနိုင်မှာဖြစ်ပါတယ်။✌️

 

သင်ကြားပို့ချမည့်ပုံစံကလည်း အွန်လိုင်း မဟုတ်ဘဲ”in person training “ဖြစ်တဲ့အတွက်ကြောင့် အင်တာနက်လိုင်းမကောင်းမှာတွေ၊ မီးပျက်လို့စိတ်ညစ်ရတာတွေ၊ ထိရောက်မှုမရှိမှာတွေကို လုံးဝလုံးဝ စိတ်ပူစရာမလိုပါဘူးနော်။😉

 

ဒါ့ကြောင့် online learningထက် အပြင်မှာဆရာနဲ့သေသေချာချာသင်ကြားချင်သူတွေနဲ့ ဘောဂဗေဒကို အခြေခံကနေစပြီး လေ့လာချင်တဲ့သူတွေအတွက် လုံးဝလက်မလွတ်ဘဲ တက်ရောက်သင့်ပါတယ်။

 

တက်ရောက်ချင်သူများအနေဖြင့် အောက်ပါApplication form linkထဲဝင်ပြီးRegister လုပ်နိုင်ပါပြီ။

https://forms.gle/83yJUAkZy4M99Kwy8

 

  • လူဦးရေ ၂၅ယောက်သာ ရွေးချယ်မှာ ဖြစ်လို့ ကိုယ့်ဘက်က အမှန်တကယ် အချိန်ပေးပြီး တက်ရောက်နိုင်ဖို့ လိုပါတယ်နော်။

 

  • အင်းလျားဘောဂဗေဒက တက်ရောက်ဖို့ ရွေးချယ်ခံရသူတွေကို အီးမေးလ်နဲ့ ပြန်လည် အကြောင်းကြားပေးသွားပါမယ်။

 


(English Version)

✨Free training course for those who are interested in Economics ✨

=>This time, we would like to introduce a training course for those who want to learn Economics from the basics.

=>In this course, we will be taught the connection between the basic concepts of Economics and other Economics theories which are used in real business. In addition, the trainer will not be giving lectures all the time. There are also games and group discussion sections related to Economics. So, you will not get bored while studying.

=>As the trainer is Mr Jared Bissinger who finished PhD in Economics and he will be teaching in English during the lecture time, you will not only gain a lot of different experiences but also you can improve your English skills at the same time. This is the main point of our training.

=>The teaching method is not online. As it is “in-person training “, you don’t need to worry about disappointing cases, such as the electricity cut off, unstable internet connection, and others.

=>So, it is a must-attend course for those who want to study with a teacher outside of online learning and those who want to learn economics from the basics.

=>If you want to attend this training course, you can register by entering the following application form link. https://forms.gle/83yJUAkZy4M99Kwy8

=>As only 25 people will be selected, you need to make a real-time to attend.

=>Inya Economics will send the confirmation mail to those who are selected for this training course.