IE PSD Launching “Business Management for Entrepreneurs Startup Foundation Course”

အင်းလျားဘောဂဗေဒ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ စီစဉ်သော “Business Management for Entrepreneurs Startup Foundation Course” ကို ၂၆ ဇူလိုင်လတွင် စတင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များနှင့် အစီအစဉ်
၁။ Contemporary Management
၂။ Fundamental of Marketing
၃။ Fundamentals of Human Resource Management
၄။ Entrepreneurship

ဘယ်သူတွေအတွက် သင့်လျော်လဲ?

အဆိုပါသင်တန်းအတွက် စီးပွားရေးဘာသာရပ်တက်ရောက်နေသောကျောင်းသူ/သားများ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများနဲ့ စီမံခန့်ခွဲမှု ရာထူးတွင် လုပ်ကိုင်လိုသောသူများအတွက် သင့်လျော်ပါသည်။

ဘယ်လို လျှောက်လွှာတင်ရမလဲ?

စိတ်ဝင်စားသူများအနေဖြင့် ၂၀ရက်၊ ဇူလိုင်လ၊ ၂၀၂၁ခုနှစ်တွင် ဝင်ခွင့်စာမေးပွဲကို အင်းလျားဘောဂဗေဒဖေ့ဘုတ်စာမျက်နှာတွင် Online Google Formဖြင့် ဖြေဆိုရမည်ဖြစ်သည်။ ဖြေဆိုရမည့် အချိန်မှာ မနက်၉နာရီမှ -၁၀နာရီအထိဖြစ်သည်။ သင်တန်းသား ၂၀ဦးကိုသာ လက်ခံသင်ကြားမည်ဖြစ်သည့်အတွက် အရွေးချယ်ခံရသူများကိုသာ ၂၄ရက်၊ ဇူလိုင်လ၊ ၂၀၂၁ခုနှစ်တွင် နောက်ဆုံးထား၍ဆက်သွယ်သွားပါမည်။

သင်တန်းကုန်ကျစရိတ်

သင်တန်းအတွက် သီးသန့်ကုန်ကျစရိတ်မရှိဘဲ၊ CDM Support နှင့် သင်တန်းတွင်း Business Plan Competition တို့အတွက် ဆုချီးမြှင့်နိုင်ရန်အတွက် သင်တန်းသားတစ်ယောက်လျှင် ၁သောင်းနှုန်းကောက်ခံသွားမည်ဖြစ်သည်။

သင်တန်းကာလနှင့်အချိန်

သင်တန်းကာလမှာ ၂လနီးပါးကြာမြှင့်မည်ဖြစ်ပြီး၊ Google Application များဖြင့် အွန်လိုင်းမှ တစ်ဆင့် သင်ကြားသွားမည်ဖြစ်သည်။ သင်တန်းချိန်မှာ တစ်ဘာသာအတွက် ၃၂နာရီရှိပြီး၊ မနက်ပိုင်းနှင့် နေ့လယ်ပိုင်းအတန်းချိန်များခွဲခြားထားခြင်းကြောင့် သင်တန်းချိန် အပြည့်အဝတက်နိုင်သူဖြစ်ရမည်။

အခြားသိရှိလိုလျှင် ဆက်သွယ်ရန် – psd.ie.mm@gmail.com