Foundation Economics Course

ခရစ်နှစ် ၂၀၂၃အတွက် “Foundation Economics Course” ကို စတင်ဖွင့်လှစ်ပါတော့မည်။

သုံးလမှ လေးလအတွင်း ကြာမြင့်မည့် အဆိုပါသင်တန်းသည် ဘွဲ့ကြိုတန်းအဆင့် သင်တန်း ဖြစ်ပါသည်။ ဘောဂဗေဒကို အမှန်တကယ်စိတ်ဝင်စားသူများသာလျှင် တက်ရောက်ရမည့် သင်တန်းဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် သင်ယူလေ့လာကြရမည့် အကြောင်းအရာများသည် ပညာရပ်ဆိုင်ရာ အခြေခံအကြောင်းအရာများနှင့် တက်မြောက်ရမည့် အခြေခံစွမ်းရည်များ ဖြစ်ပါသည်။ သင်တန်းသည် Academic Foundation Course ဖြစ်ပါသည်။ (ဘောဂဗေဒနှင့် ပြည်သူတို့၏ ချမ်းသာသုခ တိုးတက်စေရေး စိတ်ပါဝင်စားသူများ တက်ရောက်သင့်ပါသည်။)

သင်ယူလေ့လာကြရမည့် ဘာသာရပ်များမှာ –
Macroeconomics (နိုင်ငံလုံးအဆင့် စီးပွားရေးအဆောက်အအုံကို လေ့လာခြင်း)
Microeconomics (စားသုံးသူများ၊ လုပ်ငန်းများအကြား စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ အပြန်အလှန် ဆက်စပ်မှုများကို လေ့လာခြင်း)
Statistics and Econometrics (စီးပွားရေးအကြောင်းအရာများကို စာရင်းအင်းပညာရပ်ရှုထောင့်နှင့် စီးပွားရေးအတိုင်းအတာပညာရှုထောင့်မှ လေ့လာခြင်း)
Mathematical Economics (ဘောဂဗေဒအတွက် အသုံးချသင်္ချာ)
Economic History (စီးပွားရေးပညာရပ်ကို လေ့လာရာတွင် တတိယမြောက်သင်ယူလေ့လာရေးကိရိယာအဖြစ် သမိုင်းချီ ဆင်ခြင်တွေးခေါ်နိုင်စွမ်းကို ပျိုးထောင်ခြင်း)

သင်တန်းကာလ သုံးလအတွင်း ကျယ်ဝန်းနက်နဲသည့် ဘောဂဗေဒပညာကို အကြွင်းမဲ့ တက်မြောက်ရန် မည်သူမျှ မသင်ပေးနိုင်ပါ။ သို့သော် သင်တန်းတက်မြောက်ပြီးပါက ကိုယ်တိုင် ကိုယ်ပိုင် ဆက်လက် လေ့လာသွားနိုင်ပါလိမ့်မည်။ ထို့အပြင် အင်းလျားဘောဂဗေဒအဖွဲ့သည် ဘောဂဗေဒလေ့လာသူများအားလုံးအတွက် ထာဝရအိမ် ဖြစ်ပါသည်။ သင်တန်းကာလ ပြီးဆုံးခြင်းသည် သင်ယူလေ့လာရေး ပြီးဆုံးခြင်း မဟုတ်။ အင်းလျားဘောဂဗေဒအဖွဲ့သည် အစဉ်အမြဲလေ့လာသင်ယူနေပြီး လေ့လာဖော်များအချင်းချင်း အမြဲတံခါးဖွင့် ကြိုဆိုနေပါသည်။

**လူဦးရေသတ်မှတ်ချက်ရှိပါသဖြင့် စိတ်ပါဝင်စားသူများက အောက်မှာ ပေးထားသော Link ထဲကိုဝင်ရောက်ပြီး အမြန်ဆုံး စာရင်းပေးသွင်း လျှောက်ထားနိုင်ပါပြီ။👇

https://docs.google.com/forms/d/e/1FAIpQLSdeYVwgkH5lit8ThXncjJQfJFjCg-o4WwNetCvXiDlHMDTaqQ/viewform?usp=sf_link

—-
သင်တန်းစတင်မည့်နေ့ရက် – 06 May 2023
သင်တန်းနေ့ရက် – Sat & Sunday (Every Weekends)
သင်ကြားရေးကာလ – May – July 2023 (3 months)
စာရင်းပေးသွင်းနိုင်သည့် နောက်ဆုံးရက် – 27 April 2023

သင်တန်းလခ – စဉ်ဆက်မပြတ် ဘောဂဗေဒသင်ယူလေ့လာနိုင်စေရန်အတွက် အင်းလျားဘောဂဗေဒအဖွဲ့ ပညာရေးအစီအစဉ်က စီမံထားပြီး ကျောင်းသူကျောင်းသားများအနေဖြင့် ပြင်းပြသည့် သင်ယူလိုစိတ်သာ ယူဆောင်လာရန် အထူးလိုအပ်ပါသည်။

သင်တန်းအား လျှောက်ထားခွင့်ပြုသည့်အချိန်မှ စတင်ပြီး အစဉ်လိုက်စီစစ်သည့် Rolling Basis System ကို ကျင့်သုံးပြီး Interview အတွက် ရွေးချယ်ခြင်းခံရသူများကို အင်းလျားဘောဂဗေဒရုံးအဖွဲ့မှ  အီးမေးလ်ဖြင့် ဆက်သွယ်ပေးသွားပါမည်။

သင်တန်းပြီးမြောက်အောင်မြင်ရန် လိုအပ်သည့်အချက်များ – အရည်အချင်းစစ်ဆေးသည့် အဆင့်များ အကုန်အောင်မြင်စွာ ကျော်ဖြတ်နိုင်ရမည်ဖြစ်ပြီး  အရည်အချင်းမပြည့်မှီပါက သင်တန်းပြီးဆုံးကြောင်းလက်မှတ် ချီးမြှင့်ခြင်း ရှိမည်မဟုတ်ပါ။

မှတ်ချက်။ ။

–  သင်တန်းစာသင်ချိန်များသည် စနေ၊တနင်္ဂနွေနှစ်ရက်တွင် အချိန်ပြည့်နီးပါး သင်ယူရမည်ဖြစ်သောကြောင့်
   မိမိအနေဖြင့် အမှန်တကယ် အချိန်ပေးနိုင်ပြီး စိတ်ပါဝင်စားစွာ သင်ယူလေ့လာမည်ဟု ဆုံးဖြတ်ပြီးမှသာ တက်ရောက်စေလိုပါသည်။
–  ထို့ပြင်သင်တန်းချိန်များသည် ယခုလိုအချိန်အခါအရ အပြောင်းအလဲအနည်းငယ် ရှိနိုင်ပါသည်။