Foundation Economic Course 2024

ဘောဂဗေဒဘာသာရပ်ကို စိတ်ပါဝင်စားသော​ ကျောင်းသားကျောင်းသူများ အားလုံးမင်္ဂလာပါ။
အင်းလျားဘောဂဗေဒက နှစ်စဉ်ဖွင့်လှစ်ပေးနေသော ဘောဂဗေဒအခြေပြု (ဘောဂဗေဒအခြေခံ) သင်တန်း ကို ၂၀၂၄ ခုနှစ်တွင် ပုံမှန်အတိုင်း ပြန်လည် စတင်သင်ကြားပေးပါမည်။ အင်းလျားဘောဂဗေဒအဖွဲ့အစည်းရှိ ဘောဂဗေသင်ကြားရေးအစီအစဉ်၏ ရည်မှန်းချက်ဖြစ်သော “ဘောဂဗေဒ သင်ယူလေ့လာမှုသည် မည်သည့်အခြေအနေတွင်မဆို ရပ်တန့်ခြင်းမရှိစေရ” မူကို စွဲကိုင်လျက် အခက်အခဲများကြားမှ နှစ်စဉ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစာပြီး ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economic Course) ဖွင့်လှစ်လျက်ရှိပါတယ်။
သင်တန်း၏ အမြဲပြုပြင်တိုးတက်ပြောင်းလဲနေသော သင်ရိုး၊ ဆရာ ဆရာမ နှင့် အစီအစဉ်များ အရ
ယခုနှစ်တွင်
၁၊ မက်ခရိုဘောဂဗေဒ – နိုင်ငံလုံးဆိုင်ရာဘောဂဗေဒ (Macroeconomics)
၂၊ မိုက်ခရိုဘောဂဗေဒ (Microeconomics)
၃၊ စာရင်းအင်းဗေဒ နှင့် ဘောဂဗေဒအတိုင်းအတာပညာ (Statistics and Econometrics)
၄၊ ရွေးချယ်ထားသော ဘောဂဗေဒအကြောင်းအရားများ (Selected Topics in Economics)
(က) ပြည်သူ့ဘဏ္ဍာရေးအခြေခံ၊ (ခ) ဖယ်ဒရယ်ဘဏ္ဍာရေးသီအိုရီ နှင့် လက်တွေ့၊
(ဂ) မြန်မာပြည်ဘောဂဗေဒသမိုင်း
တို့ကို သင်ကြားပေးသွားပါမည်။
ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economic Course) သည် ဘောဂဗေဒ ကို အထူးစိတ်ဝင်စားသောသူများအတွက် ရည်ရွယ်ထားသည့်အလျှောက် အထူးကြပ်မတ်၍ သင်ကြားပေးသွားပါမည်။ ထို့အတွက် ကျောင်းသူကျောင်းသားများကို အကြိုသင်တန်းအနေဖြင့် စတင် သင်ကြားပေးကာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဝင်ခွင့်စာမေးပွဲများကို စစ်ဆေးပါမည်။ ဝင်ခွင့်စာမေးပွဲအောင်မြင်သူများသာ ၂၀၂၄ခုနှစ် ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economic Course)ကို တက်ရောက်ခွင့်ရရှိပါမည်။
အကြိုသင်တန်းကို တက်ရောက်ရန် အောက်ပါလင့်မှတဆင့် လျှောက်ထားနိုင်ပါသည်။
သိလိုသည်များကို အင်းလျားဘောဂဗေဒ ပေ့ချ်မက်ဆင်ဂျာ နှင့် အစီအစဉ်အီးမေးလ်လိပ်စာ eep.ie.burma@gmail.com  မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်။