Call for Applications – Foundation Economics Course (FEC 2025)

ဘောဂဗေဒဘာသာရပ်ကို စိတ်ပါဝင်စားသော​ ကျောင်းသားကျောင်းသူများ အားလုံး မင်္ဂလာပါ။

အင်းလျားဘောဂဗေဒက နှစ်စဉ်ဖွင့်လှစ်ပေးနေသော ဘောဂဗေဒအခြေပြု (ဘောဂဗေဒအခြေခံ) သင်တန်းကို ၂၀၂၅ခုနှစ်တွင် ပုံမှန်အတိုင်း ပြန်လည် စတင်သင်ကြားပေးပါမည်။ အင်းလျားဘောဂဗေဒအဖွဲ့ ဘောဂဗေဒသင်ကြားရေးပရိုဂရမ်၏ “ဘောဂဗေဒ သင်ယူလေ့လာမှုသည် မည်သည့်အခြေအနေတွင်မဆို ရပ်တန့်ခြင်းမရှိစေရ” မူကို စွဲကိုင်လျက် အခက်အခဲများကြားမှ နှစ်စဉ် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားပြီး ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economics Course) ဖွင့်လှစ်လျက်ရှိပါတယ်။ သင်တန်း၏ အမြဲပြုပြင်တိုးတက်ပြောင်းလဲနေသော သင်ရိုး၊ ဆရာ ဆရာမနှင့် အစီအစဉ်များအရ ယခုနှစ်တွင်

၁။ ။ မိုက်ခရိုဘောဂဗေဒ (Microeconomics)
၂။ ။ မက်ခရိုဘောဂဗေဒ – နိုင်ငံလုံးဆိုင်ရာဘောဂဗေဒ (Macroeconomics)
၃။ ။ စာရင်းအင်းဗေဒ (Statistics)
၄။ ။ ဘောဂဗေဒသင်္ချာ (Mathematical Economics)
တို့ကို သင်ကြားပေးသွားပါမည်။

ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economic Course)သည် ဘောဂဗေဒကို အထူးစိတ်ဝင်စားသူများအတွက်သာ ရည်ရွယ်ထားသည့်အလျှောက် အထူးကြပ်မတ်၍ သင်ကြားပေးသွားပါမည်။ ထို့အတွက် ကျောင်းသူကျောင်းသားများကို အကြိုသင်တန်းအနေဖြင့် စတင် သင်ကြားပေးပြီး ဝင်ခွင့်စာမေးပွဲကို စစ်ဆေးပါမည်။ ဝင်ခွင့်စာမေးပွဲအောင်မြင်သူများသာလျှင် ၂၀၂၅ခုနှစ် ဘောဂဗေဒအခြေပြုသင်တန်း (Foundation Economics Course) ကို တက်ရောက်ခွင့်ရရှိပါမည်။
အကြိုသင်တန်းကို တက်ရောက်ရန် အောက်ပါလင့်မှတဆင့် လျှောက်ထားနိုင်ပါသည်။

လင့်။ ။ https://forms.gle/bKfd3RVdBzKJEy188

အတန်းချိန်မှာ ယေဘုလျအားဖြင့် စနေ၊ တနင်္ဂနွေ မနက်၉နာရီမှ ညနေ ၄နာရီ အထိ ဖြစ်ပါသည်။

သိလိုသည်များကို အင်းလျားဘောဂဗေဒ ပေ့ချ်မက်ဆင်ဂျာ နှင့် ပရိုဂရမ်မေးလ်လိပ်စာ [email protected] မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်။ ပို့စ်တွင် ရေးသားထားပြီးသည့် အချက်အလက်များကို ပေ့ချ်မက်ဆင်ဂျာတွင် ပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ။

Call for Applications – Foundation Economics Course (FEC 2025)

Warm greetings to all economics students!

Inya Economics is pleased to open applications for the 2025 Foundation Economics Course (FEC) – a flagship annual program providing essential economic training to aspiring students across Myanmar. Despite ongoing challenges, we continue our mission: “Let us not stop economics education, under any circumstance.”

This year, students will explore the following five modules:
Microeconomics
Macroeconomics
Statistics
Mathematical Economics

The course includes pre-sessions and a comprehensive exam. Only selected students who pass the exam will be eligible to attend the full FEC 2025 course.

Apply now for the Pre-course Lectures using the link below:
Link: https://forms.gle/bKfd3RVdBzKJEy188

Contact us via Messenger or email: [email protected]
Let’s continue to learn and grow together for the future of Myanmar.