Inya Economics Newsletter No.1 May 2021

ပြည်သူတွေ ဘာလုပ်ကြမလဲ?

မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်တိုင်း လူတန်းစားအလွှာ (၃)ခုဖြစ်တဲ့ ချမ်းသာတဲ့ လူတန်းစား၊ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားရဲ့ တုန့်ပြန်ပုံတွေဟာ အစဉ်အလာအတိုင်း တူညီလေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေဟာ အဘက်ဘက်ကနေ သိသိသာသာ ဆုတ်ယုတ်လာတာဟာ အသက်ငင်နေတဲ့ လူမမာကဲ့သိုယူဆနိုင်ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ လူတန်းစား(၃)ခုဟာ အချင်းချင်း အပြန်အလှန်အကူအညီဖြစ်နိုင်အောင် ဘာတွေလုပ်နိုင်မလဲ အကြုံပြုတင်ပြလိုက်ရပါတယ်။