မြန်မာပြည်၏ ဂန္တဝင်ဘောဂဗေဒပညာရှင် ဆရာကြီးလှမြင့်

Author : Than Tun Soe

မြန်မာဘောဂဗေဒပညာရှင်များသည် ဘောဂဗေဒအတွေးအခေါ် ဆင့်ကဲတိုးတက်ပြောင်းလဲရေးတွင် သာမန်ထက် ထူးကဲစွာ ပါဝင်အားထုတ်ခဲ့ကြပါသည်။ မြန်မာဘောဂဗေဒပညာရှင်များအနက် ဆရာလှမြင့်သည် အထူးခြားဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် (စီးပွားရေးတိုးတက်မှုကို မောင်းနှင်သော) ကုန်သွယ်ရေး၊ အင်စတီကျူးရှင်းများကို လေ့လာရာတွင် ဆရာလှမြင့်သည် ပညာရပ်ပိုင်းဆိုင်ရာ ရှေ့ဆောင်ဦးရွက်ပြုခဲ့သူတစ်ဦး ဖြစ်ပါသည်။ ဆရာလှမြင့်သည် မြန်မာပြည်စီးပွားရေးမူဝါဒချမှတ်မှုကို ထိထိရောက်ရောက် လွှမ်းမိုးနိုင်သည့် ပုဂ္ဂိုလ်ဖြစ်ခဲ့ပါသည်။ ကိုလိုနီခေတ်စီးပွားရေးမူဝါဒများကို (အမျိုးသားရေးခံစားချက် အသားပေးကာ) ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် နိုင်ငံရေးခေါင်းဆောင်များသည် ဆရာလှမြင့်၏ စီးပွားရေးမူဝါဒများကို လွဲမှားစွာ နားလည်ပြီး တုံ့ပြန်ခဲ့ကြပါသည်။ မြန်မာပြည်စီးပွားရေးကို ကယ်တင်နိုင်မည့်စီးပွားရေးမူဝါဒများနှင့် ပညာရပ်အမြင်များသည် မြန်မာနိုင်ငံရေးခေါင်းဆောင်များ၏ ငြင်းပယ်မှုကြောင့် ကမ္ဘာနှင့်ချီ အရေးပါသည့် ပညာရပ်ဆိုင်ရာ အားထုတ်မှုများအဖြစ်သို့သာ ဆိုက်ရောက်သွားပါသည်။ ဆရာလှမြင့်၏ အခြေခံစဉ်းစားချက်များသည် ကျမ်းရိုးဟောင်းဘောဂဗေဒလာ ပညာရပ်အငြင်းအခုံများတွင် တည်ရှိကောင်း တည်ရှိနိုင်ပါသည်။ ဆရာလှမြင့် ပထမဆုံးတိုင်းပြည်တာဝန်ထမ်းဆောင်ပြီး နှစ်၇၀ကျော်အကြာ ၂၀၁၂ခုတွင်မူ ဆရာလှမြင့်၏ ပညာကြီးသော အကြံပေးချက်များကို တိုင်းပြည်သည် သစ်လွင်သည့် မျှော်လင့်ချက်များနှင့်အတူ တစ်ဖန် ပြန်လည်နားထောင်နေရပါပြီ။

 

ဆောင်းပါးအပြည့်အစုံကို စာမျက်နှာအောက်ရှိ လင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။