Dead number due to armed conflicts in Myanmar

မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် ၁၉၉၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကာလအတွင်း သေဆုံးသူအရေအတွက်ကို တင်ပြထားခြင်းဖြစ်ပါသည်။

ဖော်ပြပါ ဗီဒီယိုသည် လက်နက်ကိုင် ပဋိပက္ခများကြောင့် သေဆုံးခဲ့သည့် အရေအတွက်များကို အချိန်ကိန်းစဉ်အချက်အလက်များ (နှစ်အလိုက်) ဖြင့် ယှဉ်တွဲ ဖော်ပြထားခြင်းဖြစ်သည်။ ဖော်ပြရာတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့်  တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အရပ်သားများနှင့် မည်သူမှန်း ဆန်းစစ် အတည်မပြုနိုင်သော သေဆုံးသည့် အရေအတွက်များဖြစ်သည်။ အချက်အလက်များသည် နိုင်ငံတကာရှိ တက္ကသိုလ်များက အစဉ်အစိုက်လေ့လာထားသည့် စုပေါင်းအချက်အလက်များကို အသုံးပြုထားခြင်းဖြစ်သည်။ အသေးစိတ်ကို ဖော်ပြပါ ဗီဒီယိုဖိုင်တွင် ရေးသားဖော်ပြပြီးဖြစ်ပါသည်။

ကောက်နှုတ်ဖော်ပြရမည်ဆိုပါက ပဋိပက္ခများ၏ အသေအပျောက် အချက်အလက်များအနက်  ထင်ရှားသည်မှာ အစိုးရစစ်တပ်၏ အသေအပျောက်ကျဆုံးမှုများ၊ အရပ်သားများ၏ သေကျေပျက်စီးမှုများနှင့် မည်သူမှန်း ဆန်းစစ် အတည်ပြု၍ မရသော သေကျေပျက်စီးမှုများစာရင်းများ စသည့်အမျိုးအစား ၃ မျိုးတို့ ဖြစ်သည်။ အဆိုပါ ထင်ရှားနေသော အသေအပျောက်များအနက် ၁၉၈၉၊ ၁၉၉၃၊ ၁၉၉၄၊ ၂၀၀၁၊ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅နှင့် ၂၀၁၈ခုနှစ်တို့တွင် မြန်မာစစ်တပ်၏ အသေအပျောက်စာရင်းသည် အရပ်သားများနှင့် မည်သူမည်ဝါမှန်း ဆန်းစစ်၍ မရသော သေကျေပျက်စီးမှုများစာရင်းတို့ထက် ပိုမို များပြားလျက်ရှိသည်။ ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၆နှင့် ၂၀၁၇ခုနှစ်တို့တွင် ပြည်သူလူထု၏ သေကျေပျက်စီးမှုသည် အခြားနှစ်မျိုးထက် လည်းကောင်း၊ ၁၉၉၀ပြည့်နှစ်၊ ၁၉၉၁နှင့် ၁၉၉၂ခုနှစ်တို့တွင် မည်သူမည်ဝါမှန်း ဆန်းစစ်၍ မရသော သေကျေပျက်စီးမှုသည် အခြားနှစ်မျိုးသော သေကျေပျက်စီးမှုတို့ထက်လည်းကောင်း ပိုခဲ့ပါသည်။ အင်မတန်ပေါ်လွင်ထင်ရှားသည်မှာ ၂၀၁၇ခုနှစ်တွင် အရပ်သားများ သေကျေပျက်စီးမှုမှာ ၁၇၃၂ယောက် အထိရောက်ခဲ့ပြီး ဤကြေကွဲဖွယ်ရာ ကိန်းဂဏန်းသည်  မြန်မာ့သမိုင်းတွင် ၁၉၈၉ခုနှစ် မှစကြည့်လျှင် ယနေ့ချိန်ထိ အများဆုံးသော အသေအပျောက်စာရင်းကိန်းဂဏန်းပင် ဖြစ်ပါသည်။