၂၀၂၁ မြန်မာ့စီးပွားရေး ဟောစာတမ်း

Author : Saw Lalbwel Htoo

ဟောစာတမ်းဟုသာဆိုရသည်၊ ဟောစရာမလိုလောက်အောင် မြန်မာ့စီးပွားရေး မည်သည့်အခြေအနေ ရောက်နေသည်မှာ မြင်သာလွန်းသည်။ သို့သော် ဘယ်လောက်ထိ အလွတ်ကျ ကျသွားသည်ကို မတ္တာနှိုင်းယှဉ်ခြင်းဖြင့် ဖော်ပြရန်လိုသည်။ သို့မှသာ လာမည့် “၆မူး ပဲလျော့” ကာလအတွင်း ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ခန့်မှန်းတွက်ဆနိုင်မည်။ အခါသင့်လျှင် ဖာထေးနိုင်မည်။

ယနေ့ ကာလဝိပတ္တိ၏ ဆုံးရှုံးနိုင်ခြေကို ခန့်မှန်း သုံးသပ်နိုင်ရန် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း မည်သည်ကို ပန္နတ်ရိုက်ခဲ့ကြောင်းကို ဦးမဆွ ဖော်ြပရန်လိုပါသည်။ ၅နှစ်တာ စီးပွားရေးအပြောင်းအလဲကို  စုကြည်နောမစ် (SuuKyinomics)ဟု ခေါ်ဝေါ်ခဲ့ကြသည်။