အနာဂတ်ဆိုရှယ်ဒီမိုကရေစီ နှင့် စီးပွားရေး အနုလောမ

Author : Saw Lalbwel Htoo

ကွန်မြူနစ်ကြေငြာစာတမ်းတွင် အတိအပဆိုထားသည့်အတိုင်း အရှင်းရှင်စနစ်သည် စီးပွားရေးတိုးတက်မှုကို အားပေးသည်။ ခေတ်သစ်နည်းပညာကို တိုးတက်စေသည်။ ကမ္ဘာမြေတစ်ခွင်လုံးကို ကြွယ်ဝမှုနှင့် ပြည့်စေသည်။ သို့သော် အလုပ်လက်မဲ့နှုန်း၊ စီးပွားပျက်ကပ် နှင့် မညီမျှမှုကို ကြီးကြီးမားမားဖြစ်စေသည်။ အရှင်းရှင်စနစ်၏ အဆိုပါအားနည်းချက်များသည် ဆိုရှယ်လစ်စနစ်ကို ရှင်သန်အမြစ်တွယ်စေသည်။

ကမ္ဘာ့ရွာဖြစ်လာခြင်း၊ အစုလိုက် အပြုံလိုက်ပြောင်းရွှေ့ခြင်း၊ ဒီဂျစ်တယ်ကမ္ဘာသို့ ချဉ်းနင်းပြောင်းလဲလာခြင်း၊ အသိဉာဏ်တုနှင့် စက်ရုပ်များ အစားထိုးလုပ်ကိုင်လာခြင်းတို့ကြောင့် စီးပွားရေးတိုးတက်သလောက် မညီမျှမျှမှုကွာဟချက် ကြီးမားလာရာ ဆိုရှယ်လစ်စနစ်ကို ပြန်လည်တောင့်တမှုများ မြင့်တက်လာရသည်။

ခေတ်သစ်ဆိုရှယ်လစ်စနစ်သည် တရုတ်၊ ဆိုဗီယက်နှင့် ယူရိုဆလာဗီးယားများနိုင်ငံရှိ နိုင်ငံရေးမော်ဒယ်များကို မိတ္တူမပွားသင့်တော့ပါ။ သို့သော် ၎င်းတို့၏ ဆိုရှယ်ဒီမိုကရေစီ စီးပွားရေးဈေးကွက် ဖော်ဆောင်မှုများ၊ စီးပွားရေးပေါ်လစီချမှတ်မှုများကိုမူ လေ့လာဆန်းစစ်သင့်သည်။ ခေတ်သစ် ဆိုရှယ်ဒီမိုကရေစီသည် ကျမ်းရင်း ဆိုရှယ်လစ်မှ သဘောတရားရေး ကွဲလွဲမှု မရှိနိုင်သော်လည်း အပြင်း အပျော့ ကွာနိုင်သည်။ ခေတ်သစ် ဘောဂဗေဒ သီဝရီများ ၊ ပေါ်လစီများလည်း မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်လာနိုင်သည်။

ဆိုရှယ်လစ်စနစ်ကို အဓိကအားဖြင့် အပိုင်း (၄) ပိုင်းခွဲ၍ သုံးသပ်နိုင်သည်။ ၎င်းတို့မှာ (၁) ကုန်ထုတ်လုပ်မှုတွင် ပြည်သူပိုင်ဖြစ်ခြင်း ၊ (၂) သာတူညီမျှရှိခြင်း၊ (၃) စီးပွားရေးနှင့် ဒီမိုကရေစီ ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်မှုရှိခြင်းနှင့် (၄) မေကရိုဘောဂဗေဒ ကိန်းရှင်များအပေါ် လူမှုကောင်းကျိုးအတွက် ထိန်းညှိနိုင်ခြင်းတို့ ဖြစ်သည်။ အထက်ပါ အပိုင်းလေးပိုင်းကို အချိုးအစားအလိုက် ဖော်စပ်သည့်အခါ ဆိုရှယ်လစ်စနစ် (၇)မျိုးကို တွေ့မြင်နိုင်သည်…….။

 

ဤဆောင်းပါး အပြည့်အစုံကို ဖတ်ရှုနိုင်ရန် အောက်ပါလင့်စ်မှတဆင့် ရယူနိင်ပါသည်။