The study of challenges and opportunities of SMEs after coup

Author : Nu Nu Wai Ezebel Khin Suu Wai Koe Koe

English Version

Five months after the military coup, it’s needless to say that it has had a devastating effect on Myanmar’s economy. At the same time, Small and Medium-sized Enterprises (SMEs); one of the most important roles for Myanmar’s Economic Development, they’re also inevitably affected. As some foreign businesses have departed, the civilians are boycotting the Chinese products and are working to promote/ encourage domestic development. So, we also wonder if there will be opportunities for Local Businesses at one time or another. Therefore, we conducted interviews using online google forms surveys to acquire how it affects SMEs (Small & Medium Enterprises) businesses in Myanmar after the coup. In the survey, we used a convenience sampling method based on Non-Probability Sampling, and SMEs in Myanmar participated to answer. We interviewed 9 SMEs that they agreed to answer. In addition, we also studied articles, news, and journals. And, the presented Blog is based on our interviews and findings.

 

Myanmar Version

ဖေဖော်ဝါရီလ၁ရက်နေ့မှစ၍ စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် ငါးလအကြာတွင် မြန်မာနိုင်ငံစီးပွားရေးအပေါ်ပြင်းထန်စွာ ထိုးနှက်မှုဖြစ်ပေါ်စေခဲ့သည်မှာ ပြောစရာမလိုအောင်ပင် သိသာမြင်သာမှုရှိလှသည်။ ထို့အတူ မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောကဏ္ဍတစ်ခုလည်းဖြစ်သည့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနေနှင့် ၎င်းရိုက်ခတ်မှုဒဏ်ကို ခံရမည်မှာ မလွဲချေ။ သို့သော် ပြည်ပလုပ်ငန်းအချို့ထွက်ခွာသွားခြင်း၊ ပြည်သူများက တရုတ်ပစ္စည်းများ၊ထုတ်ကုန်များကို သပိတ်မှောက်ခြင်းများ(Boycott)၊ ပြည်တွင်းဖြစ်ကို အားပေးရန် ပြုလုပ်လာခြင်းတို့သည် အချို့ပြည်တွင်းလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖြစ်လာနိုင်မည်လား ဟူ၍စဉ်းစားစရာဖြစ်လာခဲ့သည်။ ထို့ကြောင့် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားလုပ်ငန်းများအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို Online Google Forms Survey ကိုအသုံးပြု၍ မေးမြန်းခြင်းများပြုလုပ်ခဲ့သည်။ စစ်တမ်းကောက်ရာတွင်လည်း Non Probability Samplingမှ Convenience sampling နည်းကိုအသုံးပြုထားပြီး မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားလုပ်ငန်းများက ပါဝင်ဖြေဆိုထားသည်။ စစ်တမ်းတွင်ပါဝင်ဖြေဆိုနိုင်သည့် SMEs လုပ်ငန်း (၉)ခုကို မေးမြန်းခဲ့သည်။ ထို့အပြင် ဆောင်းပါး၊ သတင်း၊ ဂျာနယ်များကိုလည်း ဖြည့်ဆည်းလေ့လာကာ ထိုမှတွေ့ရှိချက်များကို အခြေခံ၍တင်ပြထားပါသည်။