၂၀၂၀ အထွေထွေရွှေးကောက်ပွဲတွင် ပြည်မအခြေပြုပါတီများ၏ ကတိကဝတ်များအား ထည့်သွင်းစဉ်းစားခြင်း

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အဆိုပါရွေးကောက်ပွဲအတွက် ပြည်မ အခြေပြုပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာကတိကဝတ်များ၊ စဉ်းစားချက်များကို အောက်ဖော်ပြပါ ကဏ္ဍအသီးသီးခွဲ၍ လေ့လာထားပါသည်။

နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
ပြည်သူ့မူဝါဒရေးရာဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
စနစ်ပိုင်းဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
စီးပွားရေးဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
လူမှုရေးဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
ဖက်ဒရယ်အရေးနှင့် ပြည်နယ်များ၏အခွင့်အရေးဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
မြေယာအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတအရင်းအမြစ်များဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ

ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရက်စီအင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့သည် လေ့လာမှုတွင်ပါဝင်ခဲ့သည့်ပါတီ များဖြစ်သည်။

ဤစာစုအား အပြည့်အစုံ ဖတ်ရှုနိုင်ရန် အောက်ပါလင့်မှတဆင့် ရရှိနိုင်ပါသည်……..။